ကဝ ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များဆောင်ရွက်ခြင်း၊ စတုဒီတာများကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပဲခူး-ကဝ လမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)