ဇလွန် ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာအလှူကျွေးမွေးခြင်းများဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နင့်လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများဖွဲ့စည်း၍ အံတော်ပတ်လမ်းတွင် ဗဟိုမဏ္ဍပ်ကိုဆောက်လုပ်လျက်ရှိပြီး အဆိုပါဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့၌ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ယိမ်းအဖွဲ့ယိမ်းပျိုဖြူလေးများ၏ အကအလှများ၊ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဏ္ဍပ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ နေ့စဉ်စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)