အုတ်တွင်းမြို့နယ်၌ သင်္ကြန်ယိမ်းအဖွဲ့များ ကြိုတင်လေ့ကျင့်

အုတ်တွင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ကျင်းပနိုင်ရန် မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ သင်္ကြန်ယိမ်းအဖွဲ့များဖြင့် မဟာသင်္ကြန်ပွဲတော်တို့တွင် ကပြဖျော်ဖြေရန် သင်္ကြန်အကများ ကြိုတင်ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

သင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ရက်ကွက်များအလိုက် ယိမ်းအဖွဲ့များက သက်ဆိုင်ရာနေရာအသီးသီးတွင် ကြိုတင်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သက် ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)