ပေါက်ခေါင်းမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊မရှိ စစ်ဆေး

ပေါက်ခေါင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊ မရှိ လိုက်လံစစ်ဆေးခြင်းကို ဧပြီ ၉ ရက်နံနက်ပိုင်းက မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီအရောင်းဆိုင်များ၌ လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်​​ဆေးရာတွင် ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ စာအုန်းဆီရောင်းချနေသူများအား ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စားအုန်းဆီ လက်လီ၊ လက္ကား အ​ရောင်းဆိုင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် အဆမတန် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)