သနပ်ပင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

သနပ်ပင် ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၂၀၂၆ ခုနှစ် ဧပြီလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ရွှေကျင်မြို့နယ်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်ကို ရွှေကျင်မြို့နယ် ညဈေးလမ်းလွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ဆောက်လုပ်လျက်ရှိပြီး၊ လမ်းလျှောက်သင်္ကြန်၊ ယိမ်းအဖွဲ့များနှင့် ခေတ်ပေါ်တေးဂီတများဖြင့် အလှည့်ကျဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေးယိမ်းအဖွဲ့ လှပျိုဖြူများမှ ညီညာစွာဖျော်ဖြေနိုင်ရေး ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)