လက်ပံတန်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် သတိပြုရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရှိန်အဟုန်မြှင့် ကွင်းဆင်းအသိပညာပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘီးလင်းတန်းရပ်ကွက် လှည်းလမ်းကူးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ မိခင်နှင့်ကလေး ကျန်းမာရေးနယ်မြေများရှိ ရပ်ကွက်ကျေးရွာ ၂၉ ခုတွင် ဒေသခံပြည်သူများအား အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေများအလိုက် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်ကာကွယ်ရေးဆိုင်ရာ ဗီနိုင်းပိုစတာများဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)