ဘားအံ ဧပြီ ၉
ဘားအံမြို့ ကော့သင်းရှူးကျေးရွာအုပ်စု လှိုင်ကားကျေးရွာရှိ ရှမ်းလေးဆီဆိုင် အမှတ်(၃) မီးလောင်မှုတွင် စွမ်းစွမ်းတမံ မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဧပြီ ၈ ရက် နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးဦးကျော်ကျော်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ မီးလောင်မှုတွင် အရောင်းဆိုင်နေရာ၊ ပင်မဆီသိုလှောင်ရုံနှင့် ကျေးရွာနေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိစေရေး စွမ်းစွမ်းတမံ မီးငြိမ်းသတ်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ရှမ်းလေးစက်သုံးဆီဆိုင် အမှတ်(၃) ပိုင်ရှင် ဒေါက်တာ ကျော်မင်းဟိန်းက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်