သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့် 

သရက်ချောင်း ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံအမျိုးသမီးငယ်များအား ရိုးရာလက်လုပ်မုန့်ပညာများ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ​ရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့်ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားသည်။

ဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါသင်တန်းသို့တက်ရောက်လာသူများအား ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းနည်းပြဆရာမ ဒေါ်ချိုချိုခိုင်က သင်တန်းသူများအား ရွှေရင်အေး (ပင်ပွားတစ်ဖျော်ရန်) ပြုလုပ်ရန် အခြေခံကျသည့် အုန်နို့ပြုလုပ်နည်းအဆင့်ဆင့်၊ ကျောက်ကျော၊ သာကူ၊ အမျှင်ကျောက်ကျော၊ ပင်ပွားစေ့ပြုလုပ်နည်းအမျိုးမျိုးတို့ကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း  သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)