ကျွန်းစု ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ဖျော်ဖြေရေး မဏ္ဍပ် နှင့် ရေကစားမဏ္ဍပ် များ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်နေရာများ၊ သနပ်ခါးသင်္ကြန်ကျင်းပမည့် နေရာတို့ကို တည်ဆောက်လျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း နှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ၎င်းတို့ကို အမှတ်(၁)ရပ်ကွက် မြကျွန်းသာပန်းခြံရှေ့၌ စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)