ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက် မဟာသင်္ကြန်(၁၀)ရက်တရားစခန်းဖွင့်

ရေဖြူ ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက်မဟာသင်္ကြန်ဝိပဿနာ (၁၀)ရက်တရားစခန်းကို‌ ရေဖြူမြို့၊ ဓမ္မမာမကကျောင်းတွင် ဧပြီ(၇)ရက်မှ (၁၆)ရက်အထိ ၁၀ ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတရားစခန်းကို ရေဖြူမြို့(ခ)ရပ်ကွက်၊ ဓမ္မမာမကျောင်းဆရာတော် ဦးဝေပုလ္လဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ် မဟာစည်သာသနာ့ရိပ်သာဆရာတော် ဦးဉက္ကံသမှ ယောဂီများအား (၁၀)ရက်တာ ဝိပဿနာ အလုပ်ပေးတရားများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)