ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ စစ်ဆေးကြပ်မတ်ခြင်းများကို မြို့နယ်ရှိတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးကြပ်မတ်ရာတွင် မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ  Xtra Power စက်သုံးဆီအရောင်းဆိုင်၊ အေးသီတာစိုးစက်သုံးဆီ အရောင်းဆိုင်နှင့် မင်းမကိုဋ် စက်သုံးဆီအရောင်းဆိုင်များ၌ QR စနစ်ဖြင့် မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များအား စက်သုံးဆီရောင်းချနေမှု၊ တောင်သူတစ်ဦးလျှင် စက်သုံးဆီ (၃)ဂါလံ နှုန်းဖြင့် ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး