ကန်ကြီးထောင့် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသော လောကမှန်ကူသိဒ္ဓိရှင်ဆု တောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
“ဘုကြီး၏ဗုဒ္ဓပူဇနိယပွဲတော်အား ယခင်နှစ်များတည်းက ခေတ်အဆက်ဆက် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြကြောင်း၊ ယင်းမှတစ်ဆင့် နောက်ပိုင်းကာလများတွင် မင်္ဂလာရာမဘာသန္တရတက္ကသိုလ်ကြီး၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲကြီးနှင့် ပူးပေါင်းပြီး ဗုဒ္ဓပူဇနိယပွဲတော်အား ဆက်လက်ကျင်းပလာခဲ့ကြရာ ယခုဆိုလျင် နှစ်ပေါင်း (၆၉)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်းကျင်းပလာရာတွင် ဘုရားပွဲနှင့် ပတ်သက်ပြီး တပေါင်းလပြည့်နေ့တွင် ဘုရာကြီးနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် ဘုရားအားလုံးတို့အား အနေကဇာတင်ကြကြောင်း၊ အလားတူ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ရှိသည့်နေရာများတွင်လည်း ပွဲများပြင်ပြီး ပဠာန်းပွဲများအား ထည့်သွင်းကြကြောင်း၊ ထို့အပြင် ဂေါပကအဖွဲ့များထဲမှ ပျော်ပွဲရွင်ပွဲကော်မတီအဖွဲ့အား သီးခြားဖွဲ့စည်းပြီး ပျော်ပွဲရွင်ပွဲအစီအစဉ်များထည့်သွင်းဆောင်ရွက်ကြပြီး စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲကြီးနှင့် ဆက်စပ်၍ တက်ညီလက်ညီစုပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ လောကမှန်ကူသိဒ္ဓိရှင်ဆု တောင်းပြည့်စေတီတော်မြတ်ကြီးသည် သက်ဆိုင်ရာအကြီးအကဲများလည်း မကြာခဏလာရောက် ဖူးမြော်ခဲ့တဲ့ တန်ခိုးကြီးဘုးရားဖြစ်ပြီး သိဒ္ဓိရှင်ဘုရားဆိုလျင် မင်္ဂလာရာမကျောင်း၏ ဆရာတော် ဦးပညာသုတမှ အင်းပေါင်း ကိုးထောင်၊ ပန်းပေါင်း ကိုးထောင်၊ ဆေးပေါင်း ကိုးထောင်တို့ဖြင့် စုစောင်းပြီးမှ ကိုးနှစ်၊ ကိုးလ၊ ကိုးရက်ဆိုပြီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက်ကြောင့် ဆုတောင်းလည်းတကယ် ပြည့်ကြောင်း၊ ဘုရားကြီးကိုလည်းလာ ရောက်ဖူးမြော်ကြရန် ဘုရားဖူးပြည်သူများအား ဖိတ်ခေါ်လိုကြောင်း၊ အဆိုပါ ဘုရားပွဲတော်အား သင်္ကြန်မတိုင်မီ ဧပြီလ ၅ ရက်မှ စတင်၍ ၇ ရက်တိုင်တိုင်ကျင်းပသွား မည်ဖြစ်ကြောင်း” ဘုရာကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးထံမှ သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)