ကျွန်းစု ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက စလွန်အော်ကျေးရွာ အ.မ.က(မူလွန်)ကျောင်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးခင်စိုးက မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအကြောင်းအရာများအား လည်းကောင်း၊ တောအုပ် ဦးတင်လှိုင်က သစ်တောထိန်းသိမ်းရေး အကြောင်းအရာများအားလည်းကောင်း၊ တောအုပ်ဦးသစ်ဖြိုးအောင်က တောမီးကာကွယ်ရေး အကြောင်းအရာများအားလည်းကောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip များ ပြသခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)