ဟင်္သာတ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အာမခံအမျိုးအစားများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြာပွဲတွင် ဟင်္သာတခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးဝင်းဌေးမောင်က ပြည်သူများထားရှိနိုင်သည့် အာမခံ (၄) မျိုးဖြစ်သည့် အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ သူတစ်ပါးထိခိုက်မှု အာမခံများအကြောင်းတို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးဝင်းဌေးမောင်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ စုစုပေါင်း (၃၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)