ရွှေတောင်မြို့နယ်၌ ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနား ကျင်းပ

ရွှေတောင် ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မဟာဝိသုတာရာမ၊ ဂန္ဓာရုံကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက နိုင်ငံတော်မှ ဆက်ကပ်သောသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရရွှေတောင်မြို့ မဟာဝိသုတာရာမ၊ ဂန္ဓာရုံကျောင်းတိုက် ဦးစီးပဇာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ ဂန္ထဝာစကပဏ္ဍိတအရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားကို နမောတဿ ဗုဒ္ဓပဏမပါဠိတော် (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထူးမခြားနားဂုဏ်တော်ဖွင့် ဓမ္မတေးသီချင်းဖြင့်သီကျူးပူဇော်ခဲ့သည်။

ဆက်လက်၍ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ထံသို့ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်း၍ အနုမောဒနတရားနာကြားခဲ့ကြသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ဆရာတော်အား တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့ ကလှူဖွယ်ဝတ္ထုတို့ဖြင့်ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး  ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)