ဟုမ္မလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်မည့် ယိမ်းအကဖွဲ့များ ကြိုတင်အကတိုက်လေ့ကျင့်လျက်ရှိ

ဟုမ္မလင်း ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖျော်ဖြေတင်ဆက်မည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသူများအနေဖြင့်  ယမန်နေ့မှစတင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမနှင့် အခြေခံပညာကျောင်းများတွင် ကြိုတင်အကတိုက်လေ့ကျင့်လျက်ရှိသည်။

ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ လမ်းလျှောက်သင်္ကြန်ဖြင့် ရေကစားနိုင်ရေးနှင့် စတုဒီသာအလှူများစီစဥ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းယိမ်းအကဖွဲ့များနှင့် ပညာရေးဌာန ယိမ်းအကဖွဲ့များ၏   ကပြဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ ဆက်)