မင်းလှ ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ပျိုးရန် လျာထားချက်ဧက (၁၄၂၈၄) ရှိရာ ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှ ရရှိသောစိုက်ပျိုးရေဖြင့်လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် မျိုးစ့ချကရိယာ၊ ကောက်စိုက်စက်၊ ဘောင်ပျိုး၊ ရိုးရိုးပျိုးစိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ရတနာတိုး (၁၇၃၁) ဧက၊ ရေဆင်းပေါ်ဆန်း- ၁ (၁၅) ဧက၊ ရေဆင်းပေါ်ဆန်း- ၂ (၂၅) ဧက၊ အောင်နိုင်တိုး (၂၅၀) ဧက၊ ထိုင်းနှံကောက် (၂၈၈၄) ဧက၊ ဗီယက်နန် (၆၄၂၁) ဧက၊ ရက်ကိုးဆယ် (၂၉၀၈) ဧက၊ ရေအနည်းလို-၇ (၅၀) ဧက စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေစပါးကို ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် စိုက်ပျိုးရေအဆက်မပြတ်ရှိရေး၊ ဒေသခံစိုက်ပျိုးရေးတောင်သူများကို စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)