မော်လိုက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မော်လိုက် ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဧပြီလ(၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ‌ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှပြသ‌‌ထား‌သော ကလေးအလုပ်သမား‌‌ပပျောက်ရေးဆိုင်ရာအသိ ပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)