ကြံခင်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် မဏ္ဍပ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက်က မြန်မာ့ရိုးရာအတာသင်္ကြန်အား စည်ကားသိုက်မြိုက်စွာဖြင့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါး သင်္ကြန်နှင့် လက်ဖက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအဖွဲ့များက ကဏ္ဍအလိုက်ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ အဖွဲ့ဝင် ဦးကျော်ကျော်က ကျွေးမွေးဧည့်ခံရေး၊ မဏ္ဍပ်ပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ ဘဏ္ဍာငွေရှာဖွေရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဆပ်ကော်မတီများနှင့်ယိမ်းအဖွဲ့များက အသီးသီးဆွေးနွေးကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ(ခေတ္တ)ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်လမ်းနှင့် မဟာဘောဂလမ်းပေါ်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်နှင့် လက်ဖက်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ဆပ်ကော်မတီ များက ရှင်းလင်းတင်ပြကြသည်။ ကြံခင်းမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန် စည်းကား သိုက်မြိုက်စွာကျင်းပနိုင်ရန် ရပ်ကွက်၊ ကျေးရွာယိမ်းအဖွဲ့ ၉ ဖွဲ့ဖြင့် နေ့အလိုက်အလှည့်ကျဖျော်ဖြေပေးသွားမည့်အပြင် ဝါသနာရှင်တေးသံရှင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် စတုဒီသာများကို ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)