သရက် ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူဆေးရုံတွင် အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်က ကြိုတင်ပြင်ဆင်များ ဆောင်ရွက်လျက်ရှိသည်။
ယခုအခါပူပြင်းသည့် နွေရာသီကာလသို့ ရောက်ရှိနေသည်ဖြစ်ပါသဖြင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်လျက်ရှိရာ သရက်မြို့၊ ပြည်သူ့ဆေးရုံတွင် လူနာများလက်ခံကုသပေးမည့် နေရာများကြိုတင်ပြင်ဆင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆီးထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)