ဖြူး ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ် မိုးဟိန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖွင့်လှစ်သောပန်းချီသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူကလေးသူငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်း၊ သုံးဘီးယာဉ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးအမျိုးမျိုး အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)