မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာနေ ပြည်သူများပိုင်ဆိုင်သည့် အိမ်ခြံမြေကွက်များကို ရက်(၁၀၀)အတွင်း Quick Win ဆောင်ရွက်မည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် ဦးဆောင်သော မြို့နယ်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာလုပ်ငန်းအဖွဲ့တို့သည် သဖန်းချောင်း ကျေးရွာနေပြည်သူများ ပိုင်ဆိုင်သည့် အိမ်ခြံမြေကွက်များကို ရက်(၁၀၀)အတွင်း Quick Win ဆောင်ရွက်မည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များရှင်းလင်းခြင်းနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က သဖန်းချောင်းကျေးရွာနေ ပြည်သူများပိုင်ဆိုင်သည့် အိမ်ခြံမြေကွက်များကို ရက်(၁၀၀)အတွင်း Quick Win ဆောင်ရွက်မည့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်နိုင်ဝင်းက ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ သဖန်းချောင်းကျေးရွာနေ ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် ဦးဆောင်သော မြို့နယ်လုပ်ငန်းအဖွဲ့သည် ကျေးရွာလုပ်ငန်းအဖွဲ့တို့နှင့်အတူ သဖန်းချောင်းကျေးရွာနေပြည်သူများ ပိုင်ဆိုင်သည့် မြေငှားဂရန် ထုတ်ပေးနိုင်သော မြေဟုတ်/မဟုတ်၊ တိုင်းတာပြီး မြေအကျယ်အဝန်း ဟုတ်/မဟုတ်၊ မူလပိုင်ရှင် ဟုတ်/မဟုတ် စသည့်အချက်များကို ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာဘက်စုံသုံးခန်းမ၊ အိမ်ခြံမြေကွက်များ၊ စာသင်ကျောင်းမြေနေရာများ၊ ဓမ္မာရုံ၊ ဘုန်ကြီးကျောင်းမြေနေရာတို့ကို မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းစိစစ်၍ လိုအပ်သည်များကို အမြန်လျှောက်ထားတင်ပြနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)