ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး

ခမောက်ကြီး     ဧပြီ    ၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ ယမန်နေ့က ခမောက်ကြီးမြို့၌ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်စီးနင်းမောင်းနှင်သူများ၊ ခရီးသွားလာနေသူများ၊  ဒေသခံပြည်သူများအား  မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့်  မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခမောက်ကြီး ပြန်/ဆက်