တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

တမူး ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့တွက်စာရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဧပြီလ  ၆ ရက်နေ့ နံနက် ၉ နာရီက မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌ဦးအောင်ကျော်မိုး ကအမှာစကားပြောကြားပြီး မြို့မရပ်ကွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး)အဖွဲ့ဝင်(၅၀)ဦးတို့၏ ၃/၂၀၂၆ လအတွက် ထောက်ပံ့ပေးအပ်ငွေ (၁၂,၀၉၀,၀၀၀)ကျပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးမင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဖွဲ့ဝင်များ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရတနာ