တမူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

တမူး ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စော်ဘွားအင်းရပ်ကွက်ရှိ အေးချမ်းဝေစည် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ထောက်ပံ့ငွေပေးအပ်နေမှု အခြေ‌အနေများကို ပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ ၂၂၇ ဦးအတွက် တစ်ဦးလျင် တစ်လ ၂၀၀၀ဝိ/- ကျပ်နှုန်းဖြင့် (၁၀/ ၁၁/၁၂ - ၂၀၂၅) သုံး လအတွက် ထောက်ပံ့ငွေ ၆၀၀၀ဝိ/- ကျပ်နှုန်း ဖြင့်၊စုစုပေါင်းထောက်ပံ့ငွေ ၁၃,၆၂၀,၀၀၀ /- ကျပ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ် နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

တမူးမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ ၂၆၇၈ ဦးရှိပြီး ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဧပြီလ ၃ ရက် နေ့မှ ယနေ့အထိ ၄၄၆ ဦးအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း ရပ်ကွက်များအလိုက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ