လိပ်သိုဒေသတွင် ရာသီစာမှန်ကူသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို ဧပြီ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

မှန်ကူပင်များမှာ အကိုင်းဖြာသော ချုံပင်ဖြစ်ပြီး အချို့အပင်များမှာ ဆူးပါရှိသည်။ မှန်ကူသီးများမှာ ချဉ်သောအရသာရှိပြီး နွေရာသီကာလတွင်သာ ထွက်ရှိသော ရာသီစာဖြစ်ကာ သုပ်စား၊   ထောင်းစား၍လည်းကောင်း၊ အခြားဟင်းအမယ်များနှင့် ကြော်စား၍လည်းကောင်း၊ ချဉ်ရည်ဟင်းချက်သောက်၍လည်းကောင်း နှစ်ခြိုက်စွာ စားသုံးကြသည်။

ရာသီစာ မှန်ကူသီးများကို လိပ်သိုမြို့ပေါ်တွင် နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀ဝိ/-) ကျပ်နှင့် တစ်ပြည်လျှင် (၈၀၀ဝိ/-) ကျပ် ဖြင့် ရောင်းချကြရာ မှန်ကူသီး လိုက်လံခူးယူရောင်းချသူများ အပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။

နော်ဖလောရင်း