ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၈)ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ပိုးတွေ့လူနာ (၃၃၈)ဦးရှိ

ကျောက်တံခါး ဇန်နဝါရီ  ၁၄

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၈)ဦး ထပ်မံတွေ့ရှိ၍ ပိုးတွေ့လူနာပေါင်း (၃၃၈)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃၀၈)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်းရှိ (FQ) များမှ ပြည်ပပြန် ရန်ကုန်ပြန်နှင့် Stay Home သတ်မှတ်သည့် ဒေသများမှ ပြန်လာသည့် လူဦးရေစုစုပေါင်း (၇၄)ဦး တို့အား ယမန်​နေ့က  Rapid Test Kid ဖြင့် စစ်ဆေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ (၈)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများမှာ ပဲနွယ်ကုန်းဒေသ သတိပဌာန်ရပ်ကွက်မှ (၅)ဦး၊ တပင်ရွှေထီးရပ်ကွက်မှ (၂)ဦး၊ တောကျွဲအင်းဒေသ ပြည်တော်သာ ရပ်ကွက်မှ (၁)ဦး စုစုပေါင်းပိုးတွေ့(၈)ဦး ဖြစ်သည်။ အဆိုပါ ပိုး​တွေ့ လူနာများအား ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံတွင် (၇)ဦး၊ အောင်မြင် တိုက်နယ် ဆေးရုံတွင် (၁)ဦး ထားရှိကာ ဆေးကုသပေးသွားမည်ဖြစ်သည်။

လက်ရှိ၌ ကျောက်တံခါးဆေးရုံတွင် ပိုးတွေ့ (၃)ဦး၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံတွင် (၁၉)ဦးနှင့် အောင်မြင်တိုက်နယ်ဆေးရုံတွင်(၇)ဦး စုစုပေါင်း ပိုးတွေ့လူနာ(၂၉)ဦးအား ကျန်းမာရေးဝန်ထမ်းများမှ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း ကော်မတီများနှင့် ပရဟိတ အဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူး​ပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)