ဇလွန်မြို့၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ စာအောင်ဆုလက်မှတ်နှင့် အစိုးရအဘိဓမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဇလွန် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ စာအောင်ဆုလက်မှတ်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်သာသနာရေးမှူး ဦးမြင့်ထွန်းအောင်က သာသနာရေးဆိုင်ရာများ လျှေက်ထားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အစိုးရပါဋ္ဌိပထမပြန် စူဋ္ဌဘွဲ့နှင်းသဘင် နာယကဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ဆရာတော်များနှင့် စာချဆရာတော်များအား ဝတ္ထု​ငွေများ အစိုးရပါဋ္ဌိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်ဝတ္ထုငွေများ၊ သင်တန်းဆရာများအားဝတ္ထုငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက်နာယက ဆရာတော်ထံမှ သြဝါဒခံယူ၍ ရေစက်ချတရားနာကြားခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ​အောင်မြင်စွာပြီးမြောက်ခဲ့သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)