သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ရွာလယ်တံတား ကွန်ကရစ်တိုင်၊ သံပေါင်ရက်မ တံတားသစ်ဖွင့်လှစ်

သာပေါင်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ရွာလယ်တံတား ကွန်ကရစ်တိုင်၊ သံပေါင်ရက်မ တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ဧရာဝတီတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ရွာလယ်တံတား သံပေါင်ရက်မ + C Channel ကြမ်းခင်း၊ သံကူကွန်ကရစ် ကမ်းကပ်ခုံ (၂၄၀ ပေ × ၈ ပေ) တံတားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမင်းသိန်း၊ ပုသိမ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး တံတားအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆင်အကအဖွဲ့၊ အိုစည်အဖွဲ့နှင့် တိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း ပြန်/ဆက်