မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

မြန်အောင် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၄ ရက်နေ့ နေ့လည်က မြို့နယ်သမဝါယမအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဧရာဝတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက မြန်အောင်မြို့နယ်အတွင်း ကျေးရွာ(၁၈)ရွာရှိ ဆီထွက်သီးနှံမြေပဲစိုက်ပျိုးသည့်သမဝါယမအသင်း သားတောင်သူများအား အထွက်တိုးမျိုး(မိုးမြေပဲ)နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌နေမင်းထွန်းကမြို့နယ်အတွင်းမြေပဲ စိုက်ပျိုးမှု၊ အထွက်နှုန်းအခြေအနေများကိုရှင်း လင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်ယမင်းသူတို့က အထွက်တိုးမျိုး(မိုးမြေပဲ)နှင့် သွင်းအားစုများထောက်ပံ့ပေး အပ်ခဲ့ကြသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းကျေး ရွာ ၁၈ ရွာရှိ သမဝါယမအသင်းသား တောင်သူ(၁၃၀) ဦး၏ မြေပဲစိုက်ဧက(၂၆၀)ဧကအတွက် (သတ္တမအကြိမ်) တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေ ကျပ်သိန်း(၇၈၀)ဖြင့် တစ်ဧကလျင် ကျပ်၃သိန်းနှုန်းနှင့်ညီမျှသော အထွက်တိုးမျိုး(မိုးမြေပဲ)နှင့် သွင်းအားစုများထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)