သံတောင်ကြီးမြို့နယ်၊ ရွာကြီး(ဟောင်း)ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲပြုလုပ်

သံတောင်ကြီး   ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ  မြစိမ်းရောင်စီမံကိန်းအား နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ရွာကြီးကျေးရွာအုပ်စု ရွာကြီး(ဟောင်း) ကျေးရွာ (စတုတ္ထနှစ်စက်ဝန်း) မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေနှင့် ဒေသခံ ပြည်သူများထည့်ဝင်ငွေတို့ဖြင့် ကွန်ကရစ် လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ဘုရားကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောဗစ်တာခလိုက်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း နောင်နှစ်များတွင်လည်း ကျေးရွာအတွင်း လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကြိုးစားဆောင်ရွက်နိုင်ရန်  လိုအပ်ကြောင်း ပြောကြားပြီးနောက် ကျေးရွာ တွင်းမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောအယ်ကဘောက လမ်းဖြစ်မြောက်ရေးနှင့် လမ်းခင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးချမ်းငြိမ်းဝင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းဒေး၊ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးစောအယ်ကဘောတို့မှ ကွန်ကရစ် လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကွန်ကရစ်ခင်းလုပ်ငန်းကို ရွာကြီး(ဟောင်း)ကျေးရွာမြစိမ်း ရောင်အတိုးရငွေကျပ် သိန်း(၅၀) နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အရှည်(၄၀၀)ပေ ၊အကျယ် (၁၀)ပေ ၊ထု (၆)လက်မ ဖြစ်ပြီး ကျေးရွာရှိအိမ်ထောင်စု (၆၈)စု အတွက် ကုန်စည်စီးဆင်းမှု၊ သွားလာမှု လွယ်ကူစေကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်