ကလိန်အောင် ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191) Sticker များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၇)နာရီခွဲက မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအနီးနှင့်ဈေးလမ်းဆုံများ၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးမျိုးဆွေဦး နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှကြိုတင်ကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလိန်အောင်(ပြန်/ဆက်)