မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေစကားဝိုင်းကျင်းပ

မအူပင် ဧပြီ ၆

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာများအသင်း စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မိမိတို့ဌာန၏ Community Centre ခန်းမတွင် ယခုလိုစာပေစကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ စည်းဝေးဆွေးနွေးပွဲများ လာရောက်ဆောင်ရွက်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်မိတ်ဆက် စကားပြောကြားပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များ၊ စာရေးဆရာများမှ မိမိတို့ ဖတ်ရှု့မှတ်သားထားသည့် စာပေများ၊ ‌မိမိတို့ရေးသားထားသည့် စာမူများ၊ ကဗျာများ၏ အကြောင်းအရာ များအားထည့်သွင်း၍ အပြန်အလှန်ဆွေနွေးခဲ့ကြပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအားစိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြရာ ဌာနဝန်ထမ်းများမှ ရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ စာပေစကားဝိုင်းများသာမက မအူပင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ‌စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများနှင့် အသိပညာပေး Talk Show များ၊ စည်းဝေးဆွေး‌နွေးပွဲများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)