မြောင်းမြ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက Paddy Star ဆန်စက်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြဟေမာရပ်ကွက်၊ စက်မှုဇုန်ဝန်း၊ Paddy Star ဆန်စက်၌ မီးဘေးလုံရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ပြသဆောင်ရွက်စေခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာ (မြောင်းမြ)