မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၏ (၁၀၅) ကြိမ်မြောက်စာဖတ်ဝိုင်း ကျင်းပ

မုံရွာ ဧပြီ ၆

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၏ (၁၀၅)ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းဖြင့် ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ မောင်စိန်လွင်(မင်းကင်း)နှင့် အဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မုံရွာမြို့နယ် စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ မောင်စိန်လွင် (မင်းကင်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြင့်အောင် (ရွှေဘိုသား)က ဆောင်းပါးရှင် နဂါးဗိုလ် မောင်မောင်သက်၏ ကျိန်စာသင့်နေသော နေရဉ္ဇာမြစ်၊ အေးမင်းထက် (မုံရွာ)က ကဗျာဆရာ တင့်ထွန်း(ချောက်)၏ ပန်းကလေးများ လန်းပါစေ၊ မြင့်နိုင်စိုး( ထီးလှိုင်မြေ)က ဆောင်းပါးရှင် နေဇင်လတ်၏ မည်သည့်ဝင်ရိုးက ကမ္ဘာကြီးကို မောင်းနှင်မလဲနှင့် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက ၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် သုတအလင်း မဂ္ဂဇင်းတွင်ပါရှိသည့် ကျန်းမာရေး၊ စီးပွားရေး၊ဘာသာရေးဆောင်းပါးများအပါအဝင် နိုင်ငံတကာရေးရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးမှုများအပေါ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌမောင်စိန်လွင်(မင်းကင်း)က ပြန်လည်ဖြည့်စွက်ပြောကြားပြီးနောက် နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်ဆက်)