ကျွန်းလှ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစိုးရသစ်လက်ထက် ပြည်သူများအား ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပထမရက်(၁၀၀)ကာလ အသက် ၁၀ နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဧပြီ ၃ ရက်နေ့နံနက်ပိုင်းက စတင်ပြီး ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု၊ ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ