သံတောင်ကြီးဒေသထွက်တောင်ယာငရုတ်သီးခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး ဧပြီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများ ခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊  ဖာလာ၊ ကော်ဖီ၊ တညင်း စသည့်နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကို ကြားညှပ်စိုက်ပျိုးကြရာ ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးခြောက်များ  ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိကြောင်း  သိရသည်။

ငရုတ်ပင်များသည်  နွေ၊  မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိသည်တောင်ယာငရုတ်သီးများ အသီးရင့်မှည့်ချိန်တွင်  ဆွတ်ခူးပြီး အခြောက်လှန်းကာ သိုလှောင်ကြသည်။ အဆိုပါ  သံတောင်ကြီး ဒေသထွက်တောင်ယာငရုပ်သီးခြောက်များမှာ  အရောင်အသွေးလှသည်သာမက  စပ်သည့်အတွက် ဝယ်လိုအားကောင်းပြီး တစ်ပိဿာလျှင်ကျပ်(၃၀၀၀၀)အထိ  ဈေးကောင်းရရှိလျက်ရှိကြောင်း   တာင်ယာငရုတ်သီး ရောင်းဝယ် လုပ်ကိုင်သူ ဒေါ်နော်ခူးခူထံက သိရသည်။

နော်နော်မူ