ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဘုတ်ပြင်း  ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ  မြို့နယ်ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံ၊ မြို့ပေါ်များရှိ လမ်းဆုံများနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် မော်တော်ဆိုင်ကယ်၊ မော်တော်ကားစီးနင်းမောင်နှင်သူများ၊ ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား  မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့်  မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)