အုတ်တွင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

အုတ်တွင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယခုအခါ ရာသီဥတုပူပြင်းလာသဖြင့် ပြည်သူများအားအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက စျေးရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နှင်းယမုံဝေက အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများခံစားရပါက လိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့်မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများခံစားနေရသော လူနာအားအရေးပေါ်ရှေးဦးပြုစုခြင်းများ လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)