ဘုတ်ပြင်းမြို့၌ လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဘုတ်ပြင်း     ဧပြီ   

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့်  ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာအလှူနှင့် ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး အတွက် ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဘုတ်ပြင်းမြို့တော်ခန်းမအနီး မြို့မဈေးကြီးအရှေ့တို့၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ သင်္ကြန်ရေကစားမဏ္ဍပ်များ၌လည်း သင်္ကြန်ကာလအတွင်း နေ့စဉ် ဖျော်ဖြေရေး ယိမ်းအဖွဲ့များကို ကပြဖေျာ်ဖြေနိုင်ရေးအတွက် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့များ၊ ခရိုင်ရဲတပ်ဖွဲ့ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ဖျော်ဖြေရေးယိမ်းအဖွဲ့ (၁၆) ဖွဲ့နှင့် အဆိုအကများ ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီတာကျွေးမွေးခြင်းများကို  စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင်လည်း နှစ်ဦးဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို လှည့်လည်ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)