သာယာဝတီ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယခုအခါ ပူပြင်းသည့်နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒါဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသောလူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း မတ် ၅ ရက်နေ့နံနက်က သိရသည်။
သို့ဖြစ်ရာ သာယာဝတီမြို့ ပြည်သူ့ဆေးရုံ၊ သာယာဝတီမြို့နယ်၊ စံရွေးတိုက်နယ်ဆေးရုံတို့တွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒါဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့် အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်း၊ လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)