ဟင်္သာတ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် နေ့စဉ်ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ မြစိမ်းရောင်ဈေးတွင် ပြည်သူ (၃၀၀)ဦးတို့အား သွားရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့နေ့စဉ် လိုက်လံရောင်းချပေးရာတွင် ဟင်္သာတမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်နှင့် တာဝန်ရှိသူများက ကျေးရွာများရှိ လက်လီကုန်စုံဆိုင်များအရောက် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ မော်တော်ယာဉ်ဖြင့် စားအုန်းဆီများကို နေ့စဉ်အလှည့်ကျစနစ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၁ ရပ်ကွက်သို့ တစ်လလျှင်နှင့် (၄)ကြိမ်နှင့် ကျေးရွာ ၁၁၂ ရွာတို့မှ အိမ်ထောင်စုရှစ်သောင်းခန့်တို့အား ၅၀ သားနှုန်းဖြင့် တစ်လလျှင် ၂ ကြိမ် လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)