လက်ပံတန်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင် ၏ကြီးကြပ်ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးနှင့် လက်ကားအရောင်ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၊ လက်ပံတန်းမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ နှင့်ခရိုင်/မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ပူးပေါင်းအဖွဲ့သည် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
လက်ပံတန်း မြို့နယ်အနေဖြင့် မြို့ပေါ် ၄ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၄၉ အုပ်စုရှိ အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ် တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် ၃ ဦး၊ လက်လီအရောင်း ၅၀ ဦးမှ တစ်လလျှင် ဆီပေပါပေါင်း ၆၁၂ ပေပါ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့မျာနှင့် ပင်စင်စားများကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းထွန်း