ဒေးဒရဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သင်္ကြန်ယိမ်းအကများ ကြိုတင်လေ့ကျင့်လျက်ရှိ

ဒေးဒရဲ ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မဟာသ​င်္ကြန်ပွဲတော်ကာလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကပြဖျော်ဖြေမည့် ယိမ်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကြိုတင်လေ့ကျင့်လျက်ရှိ‌ကြောင်း သိရသည်။

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာအတွင်း ဒေးဒရဲမြို့နယ်၊ ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဖျော်ဖြေရန် ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတဝိုင်း စီစဉ်ထားရှိပြီး လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း