ဒိုက်ဦး ဧပြီ ၅
ဧပြီလ ၄ ရက်နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၉၆.၇၁၃) သန်းဖြင့် ဆောင်ရွက်သည့် သုံးခွကျေးရွာ ရွာတွင်းလမ်း၊ ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ထိုမှတဆင့် ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄၅)သန်းဖြင့် ဆောင်ရွက်သည့် ပလစ်ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် ဒိုက်ဦး-အုတ်ရှစ်ကုန်းလမ်း (၂/၄)မှ (၃/၄)ထိ (၁)မိုင်အတွင်း ၁၈ပေအကျယ်ကတ္တရာလမ်းအား နိမ့်မြင့်ခြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးသည်။
ထိုမှတစ်ဆင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း BODလမ်းပိုင်း မိုင်တိုင် (၅၅/၂) မှ မိုင်တိုင် (၅၅/၃) ကြား ဖာလုံဝက်၊ (၅၅/၃) မှ (၅၈/၁) ကြား (၂)မိုင် (၆)ဖာလုံ၊ စုစုပေါင်း (၂)မိုင် (၆) ဖာလုံခွဲအား မူလလမ်းအကျယ် (၃၆) ပေမှ (၄၈) ပေအကျယ်သို့ ကွန်ကရစ်လမ်းချဲ့၍ AC ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)