ရေကြည် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မရပ်ကွက်၊ ပိတောက်ချောင်လမ်းဆုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အား ပြည်သူများအသိရှိစေရန်နှင့် လိုက်နာစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေအေး ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက စည်းကမ်းချက်များနှင့်အညီ လစဉ်စုံရက်များတွင် “စုံ” နံပါတ် ပါသော ယာဉ်များ အသုံးပြုရန်၊ လစဉ် မ ရက်များတွင် “မ” နံပါတ်ပါဝင်သော ယာဉ်များအသုံးပြုရန် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို မတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပညာပေးကာလ သတ်မှတ်ခဲ့ပြီး ယခုအခါ ယာဥ်မောင်းနှင်သူများအား သတ်မှတ်ရက်နှင့် မကိုက်ညီပါက အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)