ကံမမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကံမ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရက်ကွက်ရှိ   Quarantine Centre    အဖြစ် ဖွင့်လှစ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ယခုအခါ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေထိုင်သူများ မရှိတော့ သည့်အတွက်    ဗိမာန်အတွင်း အပြင် သန့်ရှင်းရေးနှင့် ဆေးဖြန်းခြင်း   လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်း၏ ဦးဆောင်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့မစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်  ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ကျော်ဇေယျဝင်း(ကံမ)