ပြည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့ကစ၍ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ပူပြင်းသည့် နွေရာသီကာလရောက်ရှိလာမှုနှင့်အတူ အပူချိန်မြှင့်တက်မှုများ ဖြစ်ပေါ်လာမှုတို့ကြောင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသောလူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင်လည်း လူနာများလက်ခံကုသပေးမည့်နေရာကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)