ရွှေတောင်မြို့နယ်၌ အရေည်အသွေးကောင်းစပါး ရေဆင်းပေါ်ဆန်းမျိုးများ စိုက်ပျိုးထားရှိ

ရွှေတောင် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရေည်အသွေးမြှင့်ပေါ်ဆန်းမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ်အရည်အသွေးကောင်းရေဆင်းပေါ်ဆန်းမျိုးများစိုက်ပျိုးထားရှိရာ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် အရည်အသွေးကောင်းရေဆင်း ပေါ်ဆန်း (၁) ၂၀ဧကနှင့် ရေဆင်းပေါ်ဆင်း(၂)  ၂၆ ဧကကို မျိုးစေ့ထုတ်လုပ်ရန်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများအား ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်လုပ်မှုလမ်းညွှန်ချက်များအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ခုနှစ် မိုးစပါးရာသီတွင် အရည်အသွေးကောင်းပေါ်ဆန်းမွှေးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများအားတစ်ကွင်းတဆက်တည်းကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အထူးအလေးထားစည်းရုံးပညာပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်ဆက်)