နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ အဝီစိစက်ရေ တွင်းတူးဖော်ခြင်းနှင့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများက လျှော်ချောင်းလေးကျေးရွာ အဝီစိစက်ရေတွင်း တူးဖော် ခြင်းလုပ်ငန်း၊ ကာဗာပိုက်ချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကျောင်းကုန်းကျေးရွာ မြေသားရေကန်တူး ဖော်ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း (နတ်မောက်)